အသင်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အသင်း၏ရည်ရွယ်ချက်များ
3 posters
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း :: Your first category :: ရာသက်ပန် ပရဟိတ အသင်း အသေးစိတ် အချက်အလက်များ
Page 1 of 1
အသင်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အသင်း၏ရည်ရွယ်ချက်များ
ရာသက်ပန်ပရဟိတအသင်း ဖွဲ့စည်းရခြင်းရည်ရွယ်ချက်
ကျွန်တော်တို့သည် မိမိတို့၏လုပ်အားချွေးနည်းစာလေးများဖြင့် မိမိတို့တက်နိုင်သမျှ ဗုဒ္ဓသာသနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများဖြစ်သောမိဘမဲ့ ကလေးကျောင်း များ ထောက်ပံ့ပေးခြင်း၊ ပညာဒါနအလှူ ပေးခြင်း၊ ရေဘေး၊မီးဘေး သဘာဝဘေး အန္တရာယ် များကြုံတွေ့ရသော နေရာဒေသများသို့ ထောက်ပံ့လှူ ဒါန်းခြင်းများ၊ ရေအလှူ ဒါနများပြုလုပ်ခြင်းနှင့်အခြားသော ပရဟိတဆိုင်ရာလုပ်ငန်းများကို ပရဟိတ၀ါသနာရှင် ၊အများ အကျိုးပြုလိုစိတ်ရှိသူများ အတူဆုံတွေ့နိုင်ကြပြီး စုပေါင်းအင်းအားဖြင့် အတူတကွ လုပ်ကိုင်သွားနိုင်ကြရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့ပါသည်။
အသင်း၏ရည်ရွယ်ချက်များ
က) ရေဘေး၊မီးဘေး၊သဘာဝအန္တရာယ်များကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရသူများကို တတ်အားသရွှေ လှူ ဒါန်းသွားရန်၊
ခ) ဗုဒ္ဓသာသနာပြုလုပ်ငန်းများနှင့်ပရဟိတလုပ်ငန်းများအတွက် တစ်နှစ်လျှင် (၂) ကြိမ် စုပေါင်း၍ နှစ်စဉ်ပုံမှန်လှူဒါန်းသွားနိုင်ရန်
ဂ) ပရဟိတ၀ါသနာပါသူများဆုံတွေ့ဆက်သွယ်နိုင်ပြီး ပရဟိတ လုပ် ငန်းနှင့်ပတ်သက်သောသတင်းများ ပေးပို့ခြင်း၊အကြံပြုခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် စုပေါင်းလှူဒါန်းများပြုလုပ်နိုင်ရန်
ဃ) ဂုဏ်ပကာသနနှင့်နာမည်ကြီးမှုများအတွက်အဓိကမဟုတ်ဘဲ အမှန်တကယ်လှူဒါန်းရန် လိုအပ်လျှက်ရှိသော နေရာများအားထိရောက်စွာ အကျိုးပြုနိုင်ရန်၊
င) အသင်းသားများအချင်းချင်း ---
၁) မိမိတို့တတတ်ကျွမ်းသောပညာရပ်များ၊ အသိပညာများ ဗဟုသုတများ မျှဝေခြင်း အကြံ ဥာဏ်ပေးခြင်းများ ပြုလုပ်နိုင်ကြရန်၊
၂) မိမိတို့နယ်မြေဒေသသို့ခေတ္တရောက်ရှိလာသော အခြားနယ်မြေဒေသမှ အသင်းသား များ၏အခက်အခဲများကိုတတ်အားသရွေ့ အပြန်အလှန်ကူညီနိုင်ကြရန်၊
၃) လူချင်းတွေ့ဆုံပြီး စုစည်းနိုင်သည်အထိ နယ်မြေနီးကပ်နေသော အသင်းဝင်များအ တူဆုံတွေ့ပြီး သာသနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများအား တတ်အားသရွှေ့ စုပေါင်းလုပ်ကိုင်သွားနိုင်ရန် ရည်ရွယ်ပါသည်။

Last edited by yarthetpan on Wed Sep 10, 2014 7:19 pm; edited 11 times in total (Reason for editing : ပရဟိတ ၀ါသနာရှင်များအား လှိုက်လှဲစွာကြိုဆိုပါတယ်)
Re: အသင်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အသင်း၏ရည်ရွယ်ချက်များ
အသင်းရဲ့ရည်ရွယ်ချက်ကလေးက အရမ်းကိုကောင်းပါတယ်။များများလုပ်နိုင်ပါစေ/အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
အောင်စည်ဖြိုး- နေရပ်လိပ်စာ : မိတ္ထီလာမြို့၊မန္တလေးတိုင်း
Posts : 4
Join date : 2014-08-12
Age : 34
Character sheet
ပျော်ရွှင်ချမ်းမြေ့ပါစေ:
(0/0)
Re: အသင်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အသင်း၏ရည်ရွယ်ချက်များ
ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ အသင်းသားအားလုံး ကျန်းမာ၊ချမ်းသာကြပါစေ
soehtetkyaw- နေရပ်လိပ်စာ : စမ်းတပ်ကုန်းရွာ၊ အင်ပင်အုပ်စု ၊ မြန်အောင်မြို့
Posts : 4
Join date : 2014-08-13
Age : 28
Similar topics
» ရာသက်ပန် ပရဟိတ အသင်း လှူဒါန်းမှုအစီအစဉ်များ
» ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ
» မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း
» ကွန်ပျူတာတွေပြောသော ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအကြောင်း
» ကောင်မလေးတစ်ယောက်သင့်ကို မကြိုက်ရခြင်းအကြောင်းရင်းများ
» မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း
» ကွန်ပျူတာတွေပြောသော ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအကြောင်း
ရာသက်ပန် ပရဟိတ၀ါသနာရှင်များအသင်း :: Your first category :: ရာသက်ပန် ပရဟိတ အသင်း အသေးစိတ် အချက်အလက်များ
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
Tue Sep 23, 2014 2:57 pm by သီဟစိုး
» ဖြေကြည့်ပေးပါလား........??????????
Tue Sep 23, 2014 1:52 pm by suesha
» မျက်စိအတွက်လေ့ကျင့်ခန်း
Sun Sep 14, 2014 8:55 pm by yarthetpan
» တရားတော်ဆိုင်ရာ ၀က်ဆိုဒ်များ
Sun Sep 14, 2014 8:51 pm by yarthetpan
» မျက်စိ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
Fri Sep 12, 2014 2:43 pm by soehtetkyaw
» Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဖြေရှင်းပေးနိုင်တဲ့ နည်း
Thu Sep 11, 2014 8:58 pm by aung nann winn
» ဝမ်းဗိုက်အဆီ လျော့ကျစေမည့်နည်း ၉ သွယ်
Thu Sep 11, 2014 6:38 pm by aung nann winn
» Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ။
Thu Sep 11, 2014 5:16 pm by aung nann winn
» ဖုန်းတွေကိုမြန်မာဖောင့်ထည့်နည်း
Thu Sep 11, 2014 4:27 pm by aung nann winn